IFA 2013 မှာ ဘယ်လိုထုတ်ကုန်တွေ မိတ်ဆက်ခဲ့သလဲ



ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ယခုလ (၆) ရက်နေ့ကနေ (၁၀) ရက်နေ့အထိ အကြီးမားဆုံး Consumer Electronic ပြပွဲကြီးကို ကျင်းပနေပါတယ်။ ကျင်းပခဲ့သမျှ အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်း ပြပွဲတွေထဲမှာ နှစ်စဉ် ပြသမှု အရှည်ကြာဆုံး ပွဲတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး ယခုအချိန်မှာတော့ လာရောက် ကြည့်ရှုသူပေါင်း ၂ သိန်းကျော်နဲ့ ကမ္ဘာနေရာအနှံ့ကနေ

ဝင်ရောက်ပြသတဲ့ အီလက်ထရောနစ် ကုမ္ပဏီပေါင်းများစွာ ရှိနေပါတယ်။ ၂၀၁၂ IFA ပွဲကိုတော့ သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၅ ရက်နေ့ထိ ကျင်းပခဲ့ပြီး ယခုနှစ်ပွဲမှာတော့ နာမည်ကျော် နည်းပညာ ကုမ္ပဏီကြီးများစွာ ပြသနေကြပါပြီ။ IFA အီလက်ထရောနစ် ပြပွဲကြီးဟာ စတင်ပြသစဉ် အချိန်ကတည်းက ယနေ့အထိ အောင်မြင်မှု ရနေသလိုမျိုး တရားဝင် လာရောက်ပြသတဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း ပွဲတောက်လျှောက်မှာ သုံးစွဲသူတွေကို နည်းပညာသစ်တွေအကြောင်း မိတ်ဆက်နိုင်ခဲ့ပြီး၊ IFA ပွဲ ပြီးပြီးချင်း တစ်လအတွင်းမှာပဲ သုံးစွဲသူတွေဆီကို အရောက်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၆ ရက်နေ့က ပွဲစတင်ရက် ဖြစ်ပေမယ့်လည်း ပွဲမတိုင်ခင်ကတည်းက ဘာလင်မြို့မှာ လာရောက် မိတ်ဆက် ပြသနေတဲ့ ကုမ္ပဏီတွေကြောင့် ကမ္ဘာအရပ်ရပ်က ရောက်ရှိနေတဲ့ သတင်းထောက်တွေနဲ့ နည်းပညာ နှစ်သက်သူတွေအတွက်တော့ လုံးဝ အကြိုက်တွေ့ခဲ့ပါတယ်။ “Berlir Messe” မှာ ကျင်းပနေတဲ့ ISO Explore ပြည်တွင်းထုတ်ကုန်တွေနဲ့အတူ ကမ္ဘာအနှံ့ ရှိနေတဲ့ ထုတ်ကုန်တွေ ပြသနေတဲ့ ရက်သတ္တပတ် တစ်ခုလို့တောင် သတ်မှတ်နိုင်လိမ့်မယ့် အစိတ်အပိုင်း တစ်ခုချင်းစီကလည်း IFA ပွဲ ပြီးဆုံးချိန်အထိတောင် တောက်လျောက် ဆွဲဆောင်သွားနိုင်တယ်။ ထုတ်လုပ်သူတွေဟာ စမတ်ဖုန်း Tablet PC တွေနဲ့အတူ အခြား အီလက်ထရောနစ် ထုတ်ကုန်တွေကို လာရောက် မိတ်ဆက်နေတာကြောင့်ပါ။
Panasonic က မိတ်ဆက်ခဲ့တဲ့ Toughpad
Panasonic ကုမ္ပဏီက အများနဲ့ မတူညီစွာနဲ့ဘဲ 4K Toughpad ကို မိတ်ဆက်ပြသခဲ့တယ်။ Window 8 အသုံးပြုတဲ့ ၎င်း Device ဟာ 20″ မျက်နှာပြင်ရှိတဲ့ Tablet အကြီးစားတစ်လုံးနဲ့ တူညီနေပါတယ်။ သူ့ရဲ့ မျက်နှာပြင်နဲ့ သင့်ရဲ့ မျက်လုံးတို့ တိုက်ဆိုင်ကြည့်တဲ့အခါ Screen ပေါ်မှာ Pixel တွေကို အကောင်းဆုံး မြင်တွေ့နိုင်စွမ်း ရှိလိမ့်မယ်။ 4K UHD rosolution ဟာ အရောင်အသွေး စိုပြေအောင် ပြသနိုင်လိမ့်မယ်။ Panasonic က လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက မိုဘိုင်း Device လောကကို ဝင်ရောက်လာခဲ့ပြီး Las Vagas မှာ ကျင်းပခဲ့တဲ့ CES ပွဲမှာလည်း ဝင်ရောက် ပြသခဲ့ပါသေးတယ်။ သူရဲ့ Tablet က ၂၀ လက်မ မျက်နှာပြင်ရှိတာကြောင့် Tablet ထက်စာရင် Ultra Book နဲ့ ဆင်တူပြီး Multitouch ကို လက်ဆယ်ချောင်းအထိ ခွင့်ပြုပေးတယ်။ Resolution ကတော့ 3840×2560p ဖော်ပြနိုင်စွမ်းရှိပြီး နောက်တစ်မျိုးကတော့ 4K ဖော်ပြနိုင်စွမ်းရှိမယ့် 230ppi ထောက်ပံ့ထားတယ်။ မျက်နှာပြင်ဟာ IPS ဖြစ်တာနဲ့အညီ မြင်ကွင်းဖော်ပြနိုင်မှုကို ရှုထောင့်အမျိုးမျိုး ကြည့်ရှုနိုင်ပြီး 176 ကနေ ကြည့်ရင်တောင်မှ အရင်းလင်းဆုံး မြင်ရလိမ့်မယ်။ Window 8.1 ကို သုံးစွဲပြီးတော့ Intel Core i5 Processor ကို အသုံးပြုကာ 4.3kg အလေးချိန်ရှိတယ်။ 4GB RAM နဲ့အတူ 128GB SSD သုံးစွဲနိုင်လိမ့်မယ်။ နောက်ထပ် တစ်ခုကတော့ ပိုမိုလေးလံပြီးတော့ 4.7kg ဖြစ်ကာ 8GB RAM နဲ့အတူ 256GB SSD ပါဝင်လိမ့်မယ်။ မော်ဒယ်နှစ်မျိုးလုံးမှာ USB 3.0 Port ပါဝင်ပြီး SD Card Slot လည်း ထည့်သွင်းထားတယ်။ ဒါ့အပြင် HDMI out တောင် ပါဝင်သေးတယ်။ Panasonic 4K Toughpad ဟာ Anoto Live Pen ကို အထောက်အပံ့ ပေးထားတယ်။ ဒါ့ကြောင့် မျက်နှာပြင်ပေါ်မှာ ပုံရိပ်တွေ ဆွဲတာတွေကို စမ်းသပ် သုံးစွဲနိုင်လိမ့်မယ်။ တစ်ပါတည်း ပါဝင်တဲ့ ဘက်ထရီဟာ ကောင်းမွန်ပြီး တစ်ကြိမ် အားသွင်းထားရုံနဲ့ ၆ နာရီနီးပါး သုံးစွဲနိုင်လိမ့်မယ်။ အဓိကအားဖြင့် 4K ဟာ All in One PC တွေကို တိုက်ရိုက် ယှဉ်ပြိုင်ဖွယ် ရှိနေတယ်။ ဘာကြောင့်လဲဆိုရင် Desktop တွေမှာ သုံးစွဲနိုင်တဲ့ Port Adapter နဲ့ သုံးစွဲနိုင်တာကြောင့် ကီးဘုတ်တွေ မောက်စ်တွေကို ချိတ်ဆက် သုံးစွဲနိုင်ပြီး ကုန်ကျစရိတ်ကတော့ 4GB ဗားရှင်းအတွက် ယူရို ၄၅၀၈ ကျသင့်မှာ ဖြစ်ပြီး Pen ကို ဝယ်ယူရမယ့် စရိတ်က ယူရို ၂၈၀ လောက် ပေးချေရလိမ့်မယ်။ Panasonic ဟာ သူတို့ရဲ့ 4K Toughpad ကို နိုင်ငံတကာ အဆင့်အတန်းမီ ထုတ်လုပ်ထားတာ ဖြစ်ပြီး နိုဝင်ဘာလလောက်မှာ ကမ္ဘာအနှံ့ ဖြန့်ချိနိုင်မည်ဖြစ်ကာ ၂၀၁၄ မရောက်ခင် သုံးစွဲသူတွေဆီ ရောက်ရှိနိုင်မယ်လို့ ဆိုပါတယ်။ 3D ရုပ်ပုံတွေနဲ့ Profossional ပုံဆွဲသူတွေအတွက်တော့ လုံးဝ ထောက်ပံ့ပေးနိုင်လိမ့်မယ်။
Lenovo ကလည်း စမတ်ဖုန်းတွေ မိတ်ဆက်ခဲ့တယ်
Lenovo က Android 4.2 သုံးထားပြီး 6.2 mm သာ အထူရှိတဲ့ Vibe X နဲ့အတူ S5000 နဲ့ Yoga 2 Pro မိတ်ဆက် ပြသခဲ့ပါတယ်။ S5000 က Vibe X နဲ့ ဒီဇိုင်းတူညီပြီး ပိုလီကာဗွန်နိတ် သုံးစွဲထားတယ်။ S5000 က Vibe X ကဲ့သို့ မပါးလွှာဘဲ Tablet အထူပမာဏတော့ ရှိတယ်။ ဘာကြောင့်လဲဆိုရင် 7.9mm အထူရှိတာကြောင့်ပါ။ သူ့ရဲ့ အလေးချိန်ကတော့ 246g လေးပြီးတော့ Vibe X နဲ့ တူညီတာဆိုလို့ ဖုန်းအတွင်းပိုင်း တည်ဆောက်မှုပုံစံတွေပဲ ဖြစ်ပါတယ်။ မျက်နှာပြင် ဖော်ပြဖို့အတွက်ကိုတော့ IPS LCD ကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မျက်နှာပြင် ဖော်ပြမှုကတော့ WXGA 1280×800 သာ ရှိပါလိမ့်မယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ အခြား စမတ်ဖုန်းတွေလောက် မကောင်းလို့ မြင်တွေ့ရတာ ရှင်းရှင်းလင်းလင်း မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ အလင်းပြန်မှုကို ကောင်းကောင်း မထိန်းနိုင်ဘူးလို့ ဆိုနိုင်တယ်။ မျက်နှာပြင် ကာကွယ်နိုင်မှုကိုလည်း ပြုလုပ်ပေးထားနိုင်ပြီး Android OS ကိုတော့ 4.2 ကို သုံးစွဲပေးထားတယ်။ 1.2GHz quad-core Cortex A7 Processor နဲ့အတူ ကင်မရာကတော့ အဓိက ကင်မရာကို 5MP ဖြစ်ပြီး အရှေ့ဘက် ကင်မရာကိုတော့ 1.6MP ပါဝင်လိမ့်မယ်။ Power Button နဲ့ Volume Locker နှစ်ခုစလုံး ဘယ်ဘက်ခြမ်းမှာ မြင်တွေ့ရလိမ့်မယ်။ 3.5mm audio ပေါက်နဲ့ USB Port ကိုတော့ အောက်ခြေမှာ မြင်တွေ့ရမှာ ဖြစ်ပြီးတော့ Tablet ဟာ USB OTG အထောက်အပံ့ ပေးစွမ်းပါတယ်။ အချက်အလက် သိုလှောင် သိမ်းဆည်းနိုင်စေဖို့အတွက် 16MB Storage ဖြစ်ပြီး SD Card ကနေလည်း ထပ်မံ တိုးမြင့်နိုင်လိမ့်မယ်။ 3G ဗားရှင်း Tablet ဟာ Sim Card Slot ပါဝင်ပြီး Data တွေ ချိတ်ဆက် သုံးစွဲနိုင်ပြီး Voice Call တွေကို ပြုလုပ်နိုင်လိမ့်မယ်။ ဘက်ထရီပါဝါ စွမ်းအားကိုတော့ 3450mAh ပေးစွမ်းလိမ့်မယ်။ တရားဝင် ပြောကြားချက်တွေအရ အင်တာနက် သုံးစွဲဖို့ဆိုရင် ၈ နာရီကြာ ခံနိုင်စွမ်းရှိပြီး HD Video တွေကို ကြည့်မယ်ဆိုရင်တော့ ၆ နာရီသာ ခံနိုင်လိမ့်မယ်။ S5000 ဈေးနှုန်းက ၂၀၁၃ ထွက်ရှိခဲ့တဲ့ Nexus 7 ထက်တောင်မှ ဈေးနည်းနိုင်သေးတယ်။
တခြား ထုတ်လုပ်သူတို့ရဲ့ ပစ္စည်းများ
IFA ပွဲတော်မှာ ဆမ်ဆောင်းလို အီလက်ထရောနစ်ပစ္စည်း ကုမ္ပဏီကြီးတောင်မှ Note အသစ်တွေကို မိတ်ဆက် ပြသခဲ့သလို အခြားသော နည်းပညာ ထိပ်တန်း ကုမ္ပဏီကြီးတွေကလည်း သူတို့ရဲ့ ထုတ်ကုန်တွေကို မိတ်ဆက်ခဲ့တယ်။ ပြင်သစ် ထုတ်လုပ်သူ ကုမ္ပဏီ Archos ဧာ မျိုးဆက်သစ်ဖြစ်တဲ့ Archos 101XA2 ကို မိတ်ဆက် ပြသခဲ့ပြီး ယခင်နှစ်က IFA ပွဲမှာ ပြသခဲ့တဲ့ XSI ကို ဖယ်ရှားပစ်ခဲ့တယ်။ Keyboard Dock ပါဝင်လာတာကြောင့် Tablet ပြားလေးက Desktop အဖြစ် ပုံစံ ပြောင်းလဲနိုင်လိမ့်မယ်။ 10.1 IPS HD မြင်ကွင်းနဲ့အတူ 1.6GHz quad-core Processor နဲ့အတူ သုံးစွဲထားကာ 2GB RAM အားပြုပေးထားတယ်။ အရှေ့ဘက်မှာတော့ Studio Speaker ကို မြင်တွေ့ရလိမ့်မယ်။ သူ့အတွက် အသုံးပြုမယ့် OS ကတော့ Android 4.2 JB ဖြစ်တယ်။ နောက်ထပ် ထုတ်ကုန်သစ်ဖြစ်တဲ့ Chef Pad ဟာ 4.1 Jelly Bean နဲ့ လာပြီးတော့ 2MP Camera နဲ့ဖြစ်ကာ တစ်ပါတည်း ပါဝင်တဲ့ သိမ်းဆည်းမှုအတွက် 8GB ရရှိလမ့်မယ်။ Processor ကိုတော့ dual-core 1.6 ထည့်သွင်းပေးထားတယ်။ သူ့အတွက် Kick Stand တွေနဲ့အတူ ဆီလီကွန်ကေ့စ်တွေကိုလည်း သုံးစွဲနိုင်လိမ့်မယ်။ Archos 101 XS2 ဟာ အလေးချိန် ပေါ့ပါးတဲ့အပြင် အရွယ်အစား ပါးလွှာတာကြောင့် သုံးစွဲသူတွေကို ကီးဘုတ် Dock နဲ့ တွဲဖက်လိုက်တဲ့ အခါမှာ အပြင်အဆင်ကောင်း ရရှိနိုင်မှာ ဖြစ်တယ်။ IFA 2013 ပွဲဟာ စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပေမယ့်လည်း ယခုရက်ပိုင်း အတွင်းမှာပင် သူတို့ရဲ့ ထုတ်ကုန်တွေအကြောင်းဟာ သုံးစွဲသူတွေရဲ့ စိတ်တွေကို အကောင်းဆုံး နှိုးဆွနိုင်ခဲ့ပါပြီ။ IFA ပွဲကို အဓိက အလှုပ်ခတ်ဆုံးလို့ ပြောရမှာကတော့ ဆမ်ဆောင်းက မိတ်ဆက်ခဲ့တဲ့ 3GB RAM သုံး Note III ဖြစ်ပြီး 4K Video ရိုက်ကူးမှုကို ရရှိနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။ နောက်ထပ် ပြောစမှတ်ဖြစ်ရမယ့် ထုတ်ကုန်တစ်ခုကတော့ Panasonic ရဲ့ ၂၀ လက်မရှိတဲ့ 4K Toughpad ဖြစ်ပြီး သူဟာ All in One PC တွေရဲ့ အောင်မြင်မှုကို အဆုံးသတ်နိုင်မယ်လို့ ထင်ပါတယ်။