Android ဖုန်းတွေမှာ next launcher လေးသုံးပြီး 3D စတိုင်နဲ့ သုံးကြမယ်




 
မင်္ဂလာပါခင်ဗျာ မိမိတို့ ANDROID ဖုန်းကို NEXT Launcher 3D စတိုင်လေးနဲ့ သုံးကြမယ်ဗျာ။ဒီကောင်လေးကတော့ အားလုံးအကြိုက်တွေ့ စေမဲ့  android apk လေးပါ။
ဖိုင်ဆိုဒ်က 5 mb ဖြစ်ပြီးတော့  Android version 2.2 နှင့် အထက်မှာအသုံးပြုလို့ ရပါတယ်ခင်ဗျာ။

 
ကဲအောက်မှာ screenshoot လေးကြည့် လိုက်ပါအုံး။
 
 
 
 
ကဲအားလုံးပဲလိုချင်ရင်အောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ။

ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်လျက်။
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. ဘလော့ခရီးသည် www.aungsanmks.com www.ledimye.blogspot.com www.ninilayy.com

ရတနာပုံတယ်လီပို့ အကြွေးပြန်ဆပ်မည်ဟု ယုံကြောင်း McWiLL ဖုန်းကုမ္ပဏီဆို







McWiLL အင်တာနက် ဖုန်းလိုင်းများ ဝယ်ယူတပ်ဆင်ရာတွင် ကျသင့်သော ကုန်ကျစရိတ် ကြွေးမြီ ကျပ်သန်းပေါင်း ရှစ်ထောင့်ခုနစ်ရာကျော်ကို ရတနာပုံ တယ်လီပို့ဘက်မှ ပြန်လည် ပေးဆပ်မည်ဟု ယုံကြောင်း McWiLL အင်တာနက်ဖုန်း တစ်ဦးတည်းကိုယ်စားလှယ် အေးချမ်းမေတ္တာ ကုမ္ပဏီမှ အကြံပေး ဒေါ်အေးအေးလွင်က ပြောကြားသည်။


ရတနာပုံတယ်လီပို့က တရုတ်ကုမ္ပဏီ Xinwei ၏ တရားဝင် ကိုယ်စားလှယ်လွှဲစာ ရရှိထားသော အေးချမ်းမေတ္တာ ကုမ္ပဏီသို့ ၂၀၁၂ ခုနှစ် စာရင်းများအရ ကျပ်သန်းပေါင်း ၆၈၆၄ ဒသမ ၇၂၉ ပေးအပ်ရန် ရှိနေပြီး ယခုနှစ် သြဂုတ်လအထိ တွက်ချက်မည်ဆိုပါက ကျပ်သန်းပေါင်း ရှစ်ထောင့် ခုနစ်ရာခန့် ရှိနေပြီ ဖြစ်ကြောင်း အေးချမ်းမေတ္တာ ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးဇော်ဝင်းက ဆိုသည်။
“အတိုးတက်ခံပြီးမပေးဘဲ နေတာထက် ပေးလိုက်တာ ပိုကောင်းပါတယ်။ ပိုက်ဆံကိစ္စ ရှင်းပြီးသွားရင် BTS တာဝါတိုင်တွေချဲ့ပြီး လိုင်းတွေတိုးချဲ့ဖို့ ဆက်ပြီးညှိမယ်” ဟု ဒေါ်အေးအေးလွင်က ဆိုသည်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ McWiLL အင်တာနက်ဖုန်းလိုင်းများ ဝယ်ယူတပ်ဆင်ရာတွင် ကျသင့်သော ကုန်ကျစရိတ် ကြွေးမြီများကို ၂နှစ်ကျော်ကြာသည့် တိုင်အောင် ပေးချေခြင်း မရှိသေး သောကြောင့် Xinwei ကုမ္ပဏီနှင့် အေးချမ်းမေတ္တာ ကုမ္ပဏီက နေ့စဉ်ထုတ် သတင်းစာများမှတစ်ဆင့် အသိပေးခဲ့ကြောင်း အေးချမ်းမေတ္တာ ကုမ္ပဏီထံမှ သိရသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီသို့ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တိုင်ကြားစာ ပေးပို့ခဲ့ပြီး အဆိုပါကော်မတီက ပြန်လည် ပေးချေရန် အကြောင်းကြားစာ ပြန်လည် ပေးပို့ခဲ့သည်ဟု အေးချမ်းမေတ္တာ ကုမ္ပဏီထံမှ သိရသည်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီဘက်မှ ငွေပေးချေရန် အသင့်ရှိပြီး အေးချမ်းမေတ္တာ ကုမ္ပဏီမှ ဦးဇော်ဝင်းနှင့် ညီအစ်ကို အရင်းဖြစ်သော FISCA ကုမ္ပဏီပိုင်ရှင် ဦးဇော်ဝိတ်တို့သည် မိသားစုဝင်အချင်းချင်း အပြန်အလှန် တရားစွဲဆိုမှုများ၊ တရားမမှုများ ရှိနေကာ ငွေပေးချေမှုကို ဦးဇော်ဝိတ်က ကန့်ကွက်ထားသည့်အတွက် ယခုကဲ့သို့ ငွေပေးချေမှု မဆောင်ရွက်နိုင်ခြင်း ဖြစ်သည်ဟု ရတနာပုံတယ်လီပို့ဘက်က ဆိုကြောင်း ကော်မတီ၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့စွဲဖြင့် ပြန်ကြားသော တင်ပြစာတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် McWiLL အင်တာနက်ဖုန်းလိုင်းများကို ရန်ကုန်မြို့၊ နေပြည်တော်၊ မန္တလေးမြို့တို့ အပါအဝင် တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် ၂၆ ခုတွင် Base Transceiver Station (BTS) ၅၄ ခု တပ်ဆင်ထားပြီး ရန်ကုန်မြို့ တိုးကြောင်ကလေးနှင့် မန္တလေးမြို့တို့တွင် Mobile Switching Center (MSC) တစ်ခုစီ တည်ဆောက်ထားသည်။
မြန်မာနိုင်ငံ၏ အဓိကအင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော ရတနာပုံတယ်လီပို့ ကုမ္ပဏီသည် လက်ရှိတွင် အများပိုင် ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲထားပြီး ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးပါက ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီလည်း ဖြစ်သည်။
Ref & Credit: The Voice Weekly

ကြေညာချက်။ ။ပြည်တွင်းပြည်ပ နောက်ဆုံးရသတင်းတွေဖတ်ရှုချင်တယ်ဆိုရင်တော့ Myanmar Update Channel (www.myanmarupdatechannel.com) ကိုသာဝင်ရောက်ပါ




LG ၏ စမတ်ဖုန်း အမျိုးအစားသစ် Optimus G Pro ကိုပြည်တွင်းဈေးကွက်တွင်ဖြန့်ချိတော့မည်







LG ကုမ္ပဏီ၏ စမတ်ဖုန်း အမျိုး အစားသစ် Optimus G Pro ကို ယခုလ မှ စ၍ ပြည်တွင်းတွင် ဖြန့်ချိသွား မည်ဟု LG Electronics ကုမ္ပဏီမှ သတင်း ရရှိသည်။


အဆိုပါ စမတ်ဖုန်းကို ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကိုရီးယား၌ စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်း သို့ စတင် တင်သွင်းချိန်တွင် အလုံးရေ ၅ဝဝ ကျော် စတင်ရောင်းချပေးသွား မည်ဟု ၄င်းကုမ္ပဏီမှ သိရသည်။
LG Optimus G Pro မှာ ၅ ဒသမ ၅ လက်မ အရွယ် ဖန်သား မျက်နှာ ပြင် ရှိပြီး ဖုန်းနှင့် တက်ဘလက် နှစ်မျိုး အသုံးမပြုလို သူများ အတွက် ရည်ရွယ် ထုတ်လုပ်သည့် စမတ်ဖုန်း ဖြစ်ကြောင်း LG Electronics Mobile Communication ကုမ္ပဏီ ဥက္ကဋ္ဌ Dr. Jong-Seok Park က ပြောသည်။
၎င်းဖုန်းကို အရောင်နှစ်မျိုးဖြင့် ထုတ်လုပ် ထားရှိပြီး ပြည်တွင်း ဈေးကွက် တွင်ကျပ် ၆၂ဝဝဝဝ ဝန်းကျင်ဈေးဖြင့် ရောင်းချ ပေးသွားမည် ဖြစ်သည်။
သုတလင်း

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရ ပြည်ပကုမ္ပဏီ နှစ်ခု အနက် လတ်တလောတွင် Telenor ကပေးမည့် ဝန်ဆောင်မှုများက ပိုမိုအားသာ





မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရ Tele-nor နှင့် Ooredoo ပြည်ပကုမ္ပဏီ နှစ်ခု အနက်မှ Telenor ၏ ဝန်ဆောင်မှုနှင့် ကြေညာချက်များကို မြန်မာ ပြည်သူလူထုမှ ပိုမို အကြိုက်တွေ့ နှစ်သက်လျက် ရှိကြောင်း လေ့လာ စုံစမ်းမှုများ အရ သိရသည်။


Telenor ကုမ္ပဏီမှ ဖုန်းခေါ်ဆိုခကို တစ်မိနစ်လျှင် ၂၅ ကျပ်ဟု သတင်း မီဒီယာများနှင့် ပြည်သူလူထု ထံသို့ အတိအလင်း ကြေညာ လိုက်သော်လည်း Ooredoo ကုမ္ပဏီကမူ ဖုန်းခေါ်ဆိုခ နှုန်းထားကို တစ်မိနစ်လျှင် ၃၅ ကျပ်မှ ၄၅ ကျပ်ဟု ယာယီ သတ်မှတ်ထားပြီး ထွက်ရှိလာပါက အံ့အားသင့်ဖွယ် ဈေးနှုန်း ဖြစ်လာမည် ဟုသာ ကြေညာထားသည်။
”အဓိကက ဖုန်း ခေါ်ဆိုခ နှုန်းထားပဲ။ Telenor က ဖုန်းခေါ်ဆိုခ ၂၅ ကျပ်ဆိုပြီး နေ့စဉ်ထုတ် သတင်းစာတွေ၊ ဂျာနယ်တွေမှာ ဖော်ပြတယ်။ Ooredoo က ဖုန်းခေါ်ဆိုခ ပိုမြင့်နေတယ်။ တစ်ခုရှိတာ Ooredoo က ယာယီ သတ်မှတ်ထားတယ်။ တကယ်တမ်းမှာ ဘယ်လိုဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမယ်။ လက်ရှိ အချိန်ထိ Telenor ရဲ့ ဖုန်း ခေါ်ဆိုခကတော့ စိတ်ဝင်စားစရာပဲ” ဟု IT ပညာရှင် ကိုဇော်မျိုးထွန်းက ပြောကြားခဲ့သည်။
အလုပ်သမား ခေါ်ယူမှု အပိုင်းနှင့်ပတ်သက်၍ Telenor နှင့် Ooredoo ကုမ္ပဏီ နှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် လည်း Telenor မှာ ယခုလမှ စတင်၍ စက်တင်ဘာအထိ စီမံခန့်ခွဲမှု လုပ်သား ၂၅ ဦး၊ အောက်တိုဘာမှ ဒီဇင်ဘာ အထိ နည်းပညာ ကျွမ်းကျင် လုပ်သားများ၊ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း အခြား လုပ်သားများ ခေါ်ယူမည်ဟု ကြေညာ ထားသော်လည်း Ooredoo ကုမ္ပဏီကမူ လုပ်သားဦးရေ မည်မျှ ခေါ်ယူမည်ကို ထုတ်ပြန် ကြေညာခြင်း မရှိဘဲ မြန်မာနိုင်ငံရှိ အကောင်းဆုံး၊ အတော်ဆုံး သူများကိုသာ ခေါ်ယူသွားမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန် ကြေညာထားသည်။
ယင်း ကုမ္ပဏီနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် Ooredoo ကုမ္ပဏီမှာ Telenor ကုမ္ပဏီထက် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု ပိုများကြောင်း သိရသည်။
Ref & Credit: Myawaddy News

ကြေညာချက်။ ။ပြည်တွင်းပြည်ပ နောက်ဆုံးရသတင်းတွေဖတ်ရှုချင်တယ်ဆိုရင်တော့ Myanmar Update Channel (www.myanmarupdatechannel.com) ကိုသာဝင်ရောက်ပါ

FIFA 12 by EA SPORTS v1.3.98 ( OFFLINE )




Cover artဘောလုံးရာသီပြန် ဒီညဆိုစတင်ပါပြီ ဒီဘောလုံးဂိမ်းလေးကိုပြန်ပြီး
အမှတ်တရတင်ပေးလိုက်ပါတယ်ဗျာ… ဘောပွဲတွေလည်းအားပေးရင်း
ကိုယ်တိုင်လည်း ဂိမ်းလေးဆော့ပြီး ဖလားတွေယူရင်ပေါဗျာ… ;) 

 

ကြိုက်တဲ့ CUP ကြိုက်တဲ့ အသင်းရွေးချယ်ကန်နိုင်ပြီနော်…
ရုပ်ထွက် ၊ ကစားရတာ ပြောစရာမလိုအောင် ကောင်းမွန်တာ အားလုံး

သိပြီးသားပါ … တရုပ်ဆိုက်က ဂိမ်းဖြစ်တာကြောင့်ဆော့မရတာမရှိစေပါဘူး
ဖုန်းတော်တော်များများစမ်းသပ်ပြီးပါပြီ … :)

ကဲ ဆွဲလိုက်ရအောင်ဗျာ… :D

https://encrypted-tbn1.gstatic.com/images?q=tbn:ANd9GcQ-K18USqLaWmpheGjLty7kpq36qxhVtJofG-7x70j015a1cbd1
!
Updated
July 31, 2013
Size
6.6M
Current Version
1.3.98
Requires Android
2.2 and upplaystore >> FIFA 12 by EA SPORTS
 FIFA 12 by EA SPORTS - screenshot thumbnailFIFA 12 by EA SPORTS - screenshotFIFA 12 by EA SPORTS - screenshot
FIFA 12 by EA SPORTS - screenshot
FIFA 12 by EA SPORTS - screenshot

Gpk ဂိမ်းဆိုဆော့မရတဲ့ဂိမ်းတွေတောင်ဆော့ရပါတယ်
အခု fifa 12 က gpk ကို ဖြေထားတာပါ..
.Apk + data ပါ.
FIFA 12v1.3.98 ( 1GB )
APK DOWNLOAD LINKS

MEGA
သတိ .. I agree with the MEGA Terms of Service ကို အမှတ်ခြစ်ပေးပြီး ဒေါင်းပါ

(OR)

MEDIAFIRE

DATA DOWNLOAD LINKS
MEGA
(OR)
FILESEAR


dataဖိုင် ကို zip ဖြည်ပေးပါ

apk install
data / sd / android / data ဖိုင်သို့ ထည့်ပေးပါ
အင်တာနက်ဖွင့် ဂိမ်းဖွင့်ပေးပါ .. ပထမဆုံးကြိမ်ပါပဲ …
နောက်ဆို Offline play နိုင်ပါပြီ… ;)


THANK FOR ALL
patheinit.blogspot.com  naungnaungn90.blogspot.com

မိမိတို ANDROID ဖုန်းတွေကို 3D ပုံလေးတွေနဲ့ အလှဆင်ကြမယ်



 
android ဖုန်းတွေအတွက် 3D အလန်း WALLPAPER လေးပါ။လုံးဝအလန်းနော် ရုပ်ထွက်ကတော်တော်လေးကောင်းပါတယ်။ဖိုင်ဆိုဒ်ကတော့ 10 MB ပါ။Android version 2.2 နှင့် အထက်တွေမှာအသုံးပြုလို့ ရပါတယ်ခင်ဗျာ။
ဒါကတော့  အမြည်းလေးပါ။

 
ဒီအောက်မှာဒေါင်းယူလိုက်ကြပါခင်ဗျာ။
 Download putlocker
 Download [Mirror 2] Sharebeast

Download [Mirror 4] Multiupload

ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. ဘလော့ခရီးသည် www.patheinit.blogspotcom www.naungnaungn90.blogspot.com

Puffin Web Browser



ANDROID USER တွေအကြိုက်တွေ့ စေမဲ့  PUFFIN WEB Browser လေးကိုအသစ်အစမ်းကိုမှ
စမ်းသုံးချင်တဲ့ ကျွန်တော့် ဘော်ဒါတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီကောင်လေးက Android 2.2 and up နှင့် အထက်မှာအသုံးပြုလို့ ရပြီးဖိုင်ဆိုဒ်က12 MB ထဲပါ။
flash player လည်း support လုပ်ပေးထားသည်
အောက်မှာဒေါင်းလုပ်ယူပေးပါခင်ဗျာ
စိုင်းသူနည်းပညာပြန်လည်မျှဝေခြင်း
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည် www.patheinit.blogspot.com  တို့မှာ လည်ပါတ်နိုင်ပါတယ်.....နော်
Related Posts Plugin for WordPress, Blogger...