iPhone 5S နှင့် ယှဉ်ပြိုင်ရန် ရွှေရောင် Galaxy S4 ကို Samsung ထုတ်လုပ်

Apple ကုမ္ပဏီက ရွှေရောင် iPhone 5S ကို ထုတ်လုပ်ရောင်းချပြီး မကြာမီမှာပင် ပြိုင်ဘက် Samsung ကလည်း ရွှေရောင် Galaxy S4 စမတ်ဖုန်းများကို စတင် မိတ်ဆက်လာခဲ့သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက မိမိတို့သည် Limited Edition အဖြစ် ရွှေရောင် Galaxy S4 နှစ်မျိုးကို ရောင်းချသွားမည်ဟု

အတည်ပြု ကြေညာခဲ့သည်။ အဆိုပါ ရွှေရောင် စမတ်ဖုန်း နှစ်မျိုးတို့သည် အမျိုးသားနှင့် အမျိုးသမီးတို့ ကြိုက်နှစ်သက်မှု ကွာခြားပုံကို မူတည်ပြီး အရောင် တွဲစပ်မှုကို အပြောင်းအလဲ ပြုလုပ်ထားသည်။ အမျိုးသားများအတွက် ပစ်မှတ်ထားဟန်ရှိသည့် Galaxy S4 တွင် ဘောင်ကို ရွှေရောင် ကွပ်ထားပြီး ရှေ့ဘက်က အညိုရောင် ဖြစ်သည်။ အမျိုးသမီးများ အနေဖြင့်မူ ရွှေရောင်ဘောင်နှင့် ရှေ့ဘက် ပန်းရောင် ရောစပ်ထားသော ဖုန်းကို ပိုမိုသဘောကျဖွယ် ရှိနေသည်။ ဖုန်း၏ နောက်ဘက်ခြမ်းမှာ ရွှေရောင်ဖြစ်ကြောင်း Cnet က ဖော်ပြခဲ့သည်။
အဆိုပါ ဖုန်းနှစ်မျိုးကို လတ်တလောတွင် UAE နိုင်ငံ အတွင်း၌သာ ဝယ်ယူနိုင်ဦးမည် ဖြစ်ပြီး ကျန်ဈေးကွက်များသို့ တင်ပို့မည့် နေ့ရက်ကို အတိအကျ မသိရသေးချေ။ Samsung သည် Apple ၏ လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် နားစွင့်နေဟန် ရှိပြီး အမေရိကန် နည်းပညာ ကုမ္ပဏီကြီးက iPhone 5S တွင် ရွှေရောင်ကို စံနှုန်းအဖြစ် သတ်မှတ်လာနိုင်ကြောင်း ကောလာဟလများ ကြိုတင် ထွက်ပေါ်နေကတည်းက Galaxy S4 ရွှေရောင်များကို စတင်ဖန်တီးနေခဲ့ပြီး ဖြစ်ဟန်ရှိသည်။ Samsung က Galaxy S4 ရွှေရောင်များ၏ ဈေးကို မကြေညာသေးသော်လည်း PC Mag ၏ အဆိုအရ ဖုန်း၏ ဘေးဘောင်နှင့် Home Button တို့မှာ ရွှေသားစစ်စစ် ဖြစ်ကြောင်း ဖော်ပြခဲ့သည့်အတွက် ဈေးနှုန်း များပြားဖွယ် ရှိနေသည်။ ဖုန်း၏ စွမ်းဆောင်ရည်ပိုင်းမှာမူ ယခင် Galaxy S4 များနှင့် ကွာခြားမှု မရှိဟု သိရသည်။
သို့သော်လည်း ရွှေရောင် Galaxy S4 သည် Apple ၏ ရွှေရောင် iPhone 5S ကို တုပယှဉ်ပြိုင်ပြီး နာမည်ကျော်ရန်မူ ဖြစ်နိုင်ဖွယ် မရှိချေ။ Apple သည် ယခင်က iPhone များအတွင် အဖြူနှင့် အနက်ကိုသာ စံသတ်မှတ်အရောင်အဖြစ် အသုံးပြုသော်လည်း iPhone 5S တွင် ရွှေရောင်ကို ထည့်သွင်းခဲ့ရာ စတင်ရောင်းချသည့် နေ့ကတည်းက ပစ္စည်းပြတ်သွားသည်။ Apple က ရွှေရောင် iPhone 5S အသစ်များ ဈေးကွက်ထဲ ထပ်မံရောင်းချရန် အောက်တိုဘာ လလယ်ထိ စောင့်ရဖွယ် ရှိနေကြောင်း ဝန်ခံထားသည်။ ထိုအတောအတွင်း iPhone 5S ၏ 16GB Unlocked ရွှေရောင်ဖုန်း တစ်လုံးကို eBay တွင် တစ်ဆင့်လေလံတင် ရောင်းချခဲ့ရာ ဒေါ်လာ (၁၀၁၀၀) ထိ ရရှိခဲ့ခြင်းကြောင့် Samsung အတွက် ရွှေရောင် စမတ်ဖုန်းများ ထုတ်လုပ်ရန် လောဆော်မှု ဖြစ်လာခဲ့သည်။

iPhone 5S တစ်လုံး ကျပ် ၁ဝ သိန်းဖြင့် မြန်မာပြည် ဈေးကွက်သို့ဝင်ရောက်

i Phone 5S တစ်လုံးလျှင် အနည်းဆုံး ၁ဝ သိန်းကျော်ဖြင့် မြန်မာနိုင်ငံ ဈေးကွက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မိုဘိုင်းဖုန်း အရောင်းအဝယ် လုပ်ငန်းရှင်များထံမှ သိရသည်။ အဆိုပါ ဈေးနှုန်းမှာ နိုင်ငံတကာတွင် ကန်ဒေါ်လာ ၇ဝဝ ကျော် ပေါက်ဈေးထက် တစ်ဝက်နီးပါး မြင့်တက်နေပြီး အရောင် အမျိုးအစားကို လိုက်၍ ဈေးနှုန်း အပြောင်းအလဲရှိကြောင်း သိရသည်။ ယင်းသို့ ဈေးနှုန်း မြင့်တက်ရသည့် အကြောင်းရင်းမှာ i Phone မှာယူ တင်သွင်းသော နိုင်ငံဈေးနှုန်း ကွာခြားချက်ပေါ် မူတည်၍ ပြောင်းလဲခြင်းဖြစ်ကြောင်း လူကြီးမင်းဖုန်းဆိုင်မှ မန်နေဂျင်း ဒါရိုက်တာ ဦးကိုကိုအောင်က ဆိုသည်။ ယင်းက “ဒီကနေ မှာတဲ့သူတွေက စင်ကာပူက မှာသလို၊ အမေရိက ကနေ ဝယ်တာ ရှိတယ်၊ ဝယ်တဲ့ နိုင်ငံတစ်ခုနဲ့ တစ်ခု ကွာတဲ့အတွက် ဈေးနှုန်း ပြောင်းလဲတယ်၊

 ဒီမှာက တရားဝင် ကိုယ်စားလှယ် အရောင်းဆိုင် မရှိရင် ဈေးနည်းနည်း များတယ်၊ အဲဒီအတွက် နိုင်ငံခြားက ဝယ်ပြီး သွင်းရတဲ့ အတွက် တစ်ဆင့်ခံ ရောင်းနေရတယ်၊ အချိန် နည်းနည်း ကြာသွားရင်တော့ နိုင်ငံတကာ ဈေးနှုန်းအတိုင်း ပြန်ဖြစ်သွားနိုင်တယ်၊ လက်ရှိ ထွက်ခါစမှာ လူစိတ်ဝင်စားတဲ့ အတွက် ဈေးနှုန်းမြင့်နိုင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ မိုဘိုင်းဖုန်းများ ဖြန့်ချိသူ ဒေါ်ဇင်မာသောင်းက “i Phone ကိုတော့ အစ်မတို့ ယူနေကျဆို့စ်တွေက ယူတာပေါ့၊ iPhone 5S 16 GB ကို ကျပ် ၁၂ဝဝဝဝဝ လောက် ပေါက်တယ်၊ 32GB ကို ကျပ် ၁၂၂ဝဝဝဝ၊ ရွှေရောင်ကတော့ ကျပ် ၁၃၂ဝဝဝဝ လောက် ဈေးပေါက်တယ်၊ ရွှေရောင်ကတော့ လူကြိုက်အများဆုံးပါ” ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။ iPhone Series များကို နှစ်သက်စွာ ကိုင်ဆောင်လေ့ရှိသူ တစ်ဦးက “ကျွန်တော် i phone အသစ်ထွက်တိုင်း အမြဲတမ်း အသစ်လဲပြီး ကိုင်တယ်၊ ဒါပေမဲ့ ထွက်စမှာ အရမ်းဈေးကြီးလို့ သုံးလလောက် စောင့်ပြီးမှ ဝယ်တယ်၊ လက်ရှိ ဖုန်းကို ပြန်ရောင်းပြီး series အသစ်နဲ့ လဲကိုင်တယ်” ဟုပြောသည်။ ရွှေရောင်၊ ငွေရောင်၊ မီးခိုးရောင် iPhone 5S ကို အရောင် သုံးရောင်ဖြင့် ထုတ်လုပ်ခဲ့ပြီး တန်ဖိုးနည်း ဖုန်းအနေဖြင့် ထုတ်လုပ်သော iPhone 5C ကို အပြာ၊ အစိမ်း၊ ပန်းရောင်၊ အဝါနှင့် အဖြူရောင်များ ထုတ်လုပ်ခဲ့သည်။ တန်ဖိုးနည်းဖုန်းဖြစ်သော iPhone 5C ဈေးနှုန်းမှာ မြန်မာနိုင်ငံတွင် ကျပ် ၆၅ဝဝဝဝ ဈေးပေါက်ကြောင်း iPhone ကိုင်ဆောင်သူမှာ မြန်မာနိုင်ငံတွင် လူတန်းစား တစ်ရပ်တွင်သာရှိပြီး အသုံးပြုသူ နည်းပါးနေသေးကြောင်း သိရသည်။

Rage Warriors v1.1.0 For iPhone, iPad 505MB

တိုက်ခိုက်ရတဲ့ ဂိမ်းအလန်းလေးပါ ဇတ်လမ်းနဲ့လည်း ကစားလို့ရသလို
တစ်ယောက်ချင်းဖိုက်တင်သမလို့လည်းရပါတယ်
Store မှာ 2.99ဒေါ်လာပေးရပြီး free ရယူုမယ်ဆိုရင် အောက်က
လိပ်စာမှာရယူနိုင်ပါတယ်

https://itunes.apple.com/us/app/rage-warriors/id669497637?mt=8&ign-mpt=uo%3D4

Dwonload>>>>http://d-h.st/
Compatibility: Requires iOS 5.0 or later. Compatible with iPhone 4, iPhone 4S, iPhone 5, iPhone 5c, iPhone 5s, iPad 2 Wi-Fi, iPad 2 Wi-Fi + 3G, iPad Wi-Fi (3rd generation), iPad Wi-Fi + Cellular (3rd generation), iPad Wi-Fi (4th generation), iPad Wi-Fi + Cellular (4th generation), iPad mini Wi-Fi, and iPad mini Wi-Fi + Cellular. This app is optimized for iPhone 5.

Android Users Guide စာအုပ် (မြန်မာလို)

Android ဖုန်းအသုံးပြုသူများအတွက်Android user guide (မြန်မာလို) စာအုပ်လေးတင်ပေးလိုက်ပါတယ်ဗျာ။ ယခုမှ စတင်၍ နည်းပညာကို လော့လာနေသူများနှင့် Android အကြောင်းကို အသေးစိတ်လေ့ လာရမယ့် စာအုပ်လေးပါခင်ဗျာ

။ Android ဆိုတာဘာလဲ၊ Root ဆိုတာဘာလဲ၊ Samsung၊ Huawei၊ HTC ၊ Sony၊ LG ဖုန်းများအား root လုပ်ခြင်း ၊ CWM Recovery ဆိုတာဘာလဲ၊ Custom ROM ဆိုတာဘာလဲ၊ Cutom ROM များ အခမဲ့ရယူနိုင်သောဝက်ဆိုဒ်များ၊ Application၊ Games များအခမဲ့ရယူနိုင်သော ၀က်ဆိုဒ်များ အကြောင်းကို ပြည့်စုံစွာရှင်းပြထားတဲ့ စာအုပ်လေးဖြစ်ပါတယ်ခင်ဗျာ။

Download=>> Link 1, Link 2

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ

GSM Bill Widget For Android

Android ဖုန်းတွေအတွက်ဆောင်ထားသင့်
တဲ့ဆော့ဝဲလေးတစ်ခုပါ။ Home Screen ပေါ်မှာ
 Widget အနေနဲ့ သုံးပြီးတော့ GSM Bill စစ်ခြင်း
၊ ဖြည့်ဖြင်း၊ Bill လွဲပေးခြင်းများ စသည်တို့ကို 
လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ ဒီဆော့ဝဲလေးကိုရေးသားသူကတော့
 ကိုမိုးကုတ်သား (MPX Team) ဖြစ်ပါတယ်။ GSM Bill Widget for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။ 

GSM Bill Widget အားရယူရန်