Sony Ericsson Xperia ဖုန်းများကို custom rom တင်နည်း

အခုတစ်ခါတော့ sony ericsson ရဲ့ product တွေကို
ဖုန်းများကို custom rom CM 10, CM 10.1, CM 10.2, CM 11 တင်နည်းတို့ကို ပြောပြသွားမှာဖြစ်ပါတယ် အားလုံးက တင်နည်းတွေက အတူတူတွေပါပဲအရင်ဦးဆုံး Fastboot ဖိုင်လေးကို အရင်ဒေါင်းလိုက်ပါ။
ဒေါင်းပြီးသွားရင် fastboot.zip လေးကို ဖြည်ပြီး  C drive (or) D drive အောက်တစ်ခုခုမှာ ဖိုဒါလိုက်လေး ကူးထည့်လိုက်ပါ။ ပြီးသွားရင် ကိုယ်ဖုန်းနဲ့ ကိုက်ညီတဲ့ ကိုယ်ကြိုက်တဲ့ custom rom လေးကို အောက်ကလင့်မှာ ဒေါင်းလိုက်ပါ။ ဒေါင်းပြီးသွားရင် အဲဒီ zip လေးကို click နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။
  • Xperia Arc/Arc S (anzu)
  • Live with Walkman (coconut)
  • Xperia Neo V (haida)
  • Xperia Neo (hallon)
  • Xperia Pro (iyokan)
  • Xperia Mini Pro (mango)
  • Xperia Active (satsuma)
  • Xperia Mini (smultron)
  • Xperia Ray (urushi) 
  • Xperia Z (zeus)

အဲဒါဆိုရင် အထဲက boot.img လေးကို select မှတ်ပြီး extract to ဆိုတာလေးကို နှိပ်လိုက်ပါ အဲဒါဆိုရင် အောက်ကပုံလေးကို ရောက်သွားပါလိမ့်မယ်
အဲဒါဆိုရင် ညာဘက်မှာ ခုနက fastboot ဖိုဒါသိမ်းထားတဲ့ဖိုဒါလေးကို ရွေးပေးလိုက်ပါ။ အဲဒါဆို rom တင်လို့ရပါပြီ။
ပထမ ဆုံး ကိုယ်ဒေါင်းထားတဲ့ rom ကို sd ကဒ်ထဲကို ဘာဖိုဒါမှ မခံပဲ ထည့်ပေးပါ။ ပြီးသွားရင် Win+R ကို နှိပ်ပြီး cmd လို့ရိုက်ပြီး ရိုက်လိုက်ပါ။ ပြီးသွားရင် fastboot ဖိုဒါသိမ်းထားတဲ့ drive ကို သွားလိုက်ပါ။
တကယ်လို့ fastboot ဖိုဒါကို C အောက်မှာ သိမ်းထားတယ်ဆိုရင် 
cd\    လို့ရိုက်ပါ  D အောက်မှာ သိမ်းထားတယ်ဆိုရင် D:   လို့ရိုက်ပေးပါ
နောက် တစ်ကြောင်းက fastboot ဖိုဒါထဲ ၀င်ဖို့   cd fastboot  လို့ ရိုက်ပါ 
fastboot mode ထဲဝင်ဖို့   fastboot flash boot boot.img ရိုက်ပြီး enter ခေါက်လိုက်ပါ အဲဒီမှာ အဲဒီမှာ <wating for device> ဆိုပြီး ပြနေပါလိမ့်မယ် အဲဒါဆို ဖုန်းကို power off လိုက်ပါ ပြီးရင်  vol down+menu  key ကို တွဲနှိပ်ပြီး USB ကြိုးဖြင့်ချိတ်ဆက်လိုက်ပါ အလုပ်လုပ်ပြီးသွားလို့ finish OK လို့ ပြပြီးရင် ဖုန်းကို ဖြုတ်လိုက် ပြီးရင် power ဖွင့်ပြီး back key ကို ဆက်တိုက် နှိပ်ထားပါ   fastboot mode ရောက်သွားရင် လွှတ်လိုက် rom တင်ရန် အဆင်သင့်ဖြစ်နေပါပြီ
Fastboot mode မှာ 
Wipe data factory reset  နဲ့  Wipe Cache ကိုအရင် လုပ်ပါ
ပြီးရင် install zip>intall from sd card ထဲဝင်ပြီး ကိုယ့် rom ကို install လုပ်ပေးလိုက်ပါ ပြီးသွားရင် reboot system now ကိုယ် နှိပ်ပေးလိုက်ရင် ရပါပြီ။
fastboot zip ဒေါင်း၇န်

custom rom များကို ဒေါင်းရန်

.aungkyaw.
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ