Wunderlist မြန်မာဗားရှင်းကို မြန်မာဘာသာဖြင့် စတင်အသုံးပြုနိုင်

မိမိ၏ တစ်နေ့တာ လုပ်ငန်း အစီအစဉ်များနှင့် အခြားသော  လုပ်ငန်း ဆောင်တာများ စာရင်းကို
မှတ်သား၍  အသုံးပြုနိုင်သည့် Wunderlist အသုံးချ ဆော့ဝဲလ် ကို မြန်မာဘာသာ စကားဖြင့် စတင် အသုံးပြုနိုင်ကြောင်း  သိရသည် ။
ယင်းဆော့ဝဲလ်ကို မည်သူမဆို အခမဲ့ အသုံးပြုနိုင်ကြောင်း၊ Window PC , Max OSX နှင့် IOS,  Android တို့တွင် လည်း အသုံးပြုနိုင်ကြောင်း ၊ မိမိ၏ လုပ်ငန်း ဆောင်တာများကို  မည့်သည့်ကွန်ပျူတာတွင်မဆို  မှတ်သားခဲ့နိုင်ပြီး မိမိအသုံးပြုနေသည့်  အစ ရှိသည် တို့တွင် အင်တာနက် ချိတ်မိသည့်အခါ တစ်ပြိုင်နက်တည်း မှတ်သားပြီ ဖြစ်နေမည်ဖြစ်သည် ။

မိမိ မှတ်သား ထားသော လုပ်ငန်းဆောင် တာများကို အချင်းချင်း မျှဝေလိုခြင်း ၊ အတူတကွ ပူးပေါင်း လုပ်ဆောင်ရမည့် လုပ်ဖော်ကိုင်ဖက်များကို မျှဝေလိုခြင်းနှင့် မိမိ၏ အထက် အရာရှိထံသို့ လုပ်ငန်းဆောင်တာများ တင်ပြရာတွင် လည်း ယင်းကို အသုံးပြုနိုင်ကြောင်းနှင့် ရုံးလုပ်ငန်းများ အပြင် မိသားစုရေးရာ ကိစ္စများ၊ လူမှုရေးကိစ္စများ အတွက် လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

Wunderlist ကို အသုံးပြုလိုပါက https://www.wunderlist.com သို့ ဝင်ရောက်၍ အခမဲ့ ရယူ အသုံးပြုနိုင်ကြောင်း သိရ သည်။

Andriod အတွက်  အောက်က Link တွင် Download ယူနိုင်ပါသည် ။

f2.1mobile.com/mobile_software/productivity/com.wunderkinder.wunderlistandroid_33.apk