Myanmar APN (Beta) for Android





GSM/WCDMA / CDMA 800 / CDMA 800 (1500 Ks) တို့ရဲ့ အင်တာနက် setting များကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ထည့်သွင်းပေးပါမယ်။ ဒီ app လေးကိုအသုံးပြုဖို့အတွက် ဖုန်းမှာ Root access တော့ရှိဖို့လိုပါလိမ့်မယ်။
သုံးပုံသုံးနည်းအနေနဲ့ အခုပေးထားတဲ့ Application လေးကိုဖုန်းမှာ install လုပ်ပြီး check root access ကိုနှိပ်ပါ။ ဖုန်းမှာ root access ရတယ်ဆိုရင် system ထဲကိုနည်းနည်းဝင်နှိုက်ပြီး application ထဲကနေပြန်ထွက်သွားပါမယ်။ All Application ထဲမှာကြည့်လိုက်ပါ ။ Myanmar Apn

ဆိုတဲ့နာမည်နဲ့ ဆော့ဝဲလေးတစ်ခုရောက်နေတာကိုေ


တွ့ရပါမယ်။ Myanmar Apn ထဲကိုဝင်ပြီး ကိုယ့်ဖုန်းအမျိုးအစားအလိုက် Apn setting ခလုတ်တစ်ချက်နှိပ်ရုံလေးပါပဲ။ setting ထည့်ပြီးဖြစ်ပါလိမ့်မယ်။
Myanmar APN (Beta) for Android ကိုအောက်က link မှာရယူပါ။
Myanmar APN (Beta) for Android
ဒီ Beta Version မှာအဆင်မပြေသေးတဲ့အချက်တွေကတော့
- Resolution အမြင့် ၊ Screen အကြီးဖုန်းပေါ်မှာစမ်းသပ်ရေးသားထားတာဖြစ်တဲ့အတွက် တခြာ Resolution နည်းနည်းလျော့တဲ့ ဖုန်းတစ်ချို့ ၊ Screen အသေးဖုန်းတစ်ချို့မှာ Layout အမှန်မပေါ်တာမျိုးဖြစ်တတ်ပါတယ်။
-အခု beta version မှာ ၁၅၀၀ တန် CDMA အတွက်တော့ သိပ်အဆင်မပြေသေးပါ ။ ယင်းအတွက် ကြိုးစားနေပါတယ်။

Angry Birds 3.2.0 APK Unlimited Everything For Android



Angry Birds ချစ်သူများအတွက် Angry Birds 3.2.0 APK နောက်ဆုံးထွက် Version ကိုတင်ပေးလိုက်ပါတယ် ဗျာ။ Apk ဆိုတော့ Android Phone အတွက်သီးသန့်ပါဘဲနော်။ အခုတင်ပေးလိုက်တာလေးကတော့ Hack ထားပြီးသား Game လေးဖြစ်ပါတယ်ဗျာ။ အဆင့်အားလုံးကို Hack ထားပြီးသားဆိုတော့ အေးအေးဆေးဆေး ကစားချင်တဲ့အဆင့်ကို တန်းပြီးကစားရုံပါဘဲ။ Unlimited ပေါ့ဗျာ။ အခု Game ကိုကစားဖို့အတွက် Android OS 2.3.1 နှင့်အထက်ရှိထားဖို့လိုအပ်ပါတယ်ဗျာ။
 


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင် Software မလိုဘဲ လုပ်ရအောင်



App နာမည်က de.mangelow.network.apk ဖြစ်ပါတယ်.. အခုပြောပြမှာက အဲဒီ App မလိုဘဲ လုပ်နည်းပါ.. မသိသေးတဲ့ ကျွန်တော့်လိုလူအတွက်ကတော့ သိပ်တန်ဖိုးရှိမှာပါ...
ဒီလိုပါ.. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရင်ပေါ့..





1. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရင် ဖုန်း Call ဘောက်ထဲမှာ *#*#4636#*#* လို့ ရိုက်ထည့်လိုက်ပါ.. ကုဒ်ကအလုပ်လုပ်ပြီး နာမည် (၄)ခု ကျလာပါမယ်..
2. အဲဒီနာမည် (၄)ခုထဲက  Phone Information ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ.. တကယ်လို့များ Sim Card 2 ကဒ်သုံးလို့ရတဲ့ဖုန်းဆိုရင် SUB 1 နဲ့ SUB 2 ဆိုပြီး ထပ်ပေါ်လာပါတယ်.. ကိုယ်က Card 1 မှာဆိုရင် SUB 1 ၊ Card 2 မှာဆိုရင် SUB 2 ကိုရွေးပေးလိုက်ပါ..
3.ဒါဆိုရင် Phone Info ဆိုတဲ့ခေါင်းစဉ်နဲ့ IMEI နံပါတ်.. Phone number (ဒါကတော့ နံပါတ်ပြချင်မှပြမှာပါ.. ကျွန်တော့်ဖုန်းမှာ မပြပါဘူး)၊ Current network မှာ Myanmar Post and Telecommunication စတဲ့ စာသားတွေမြင်ရမှာပါ.. ခုပြောမှာက အဲဒါနဲ့တော့ မဆိုင်ပါဘူး.. အောက်ကိုရွှေ့ပြီး   အောက်နားမှာ Set preferred network type: ဆိုပြီး ရှိတယ်.. အဲဒီစာလေးနဲ့ကပ်လျက်အောက်မှာ အဖြူပြားပေါ်မှာ Network Type ရှိပါတယ်.. GSM ဆို GSM , CDMA ဆို CDMA, WCDMA ဆိုရင် WCDMA ဆိုတဲ့စာတွေနဲ့ တွေ့ရပါမယ်.. အဲဒါကို တစ်ချက်နှိပ်လိုက်ပါ..
အောက်ကပုံလေးလို ကျလာပါလိမ့်မယ်..

4. ကျလာတဲ့ List ထဲမှာ GSM နဲ့ WCDMA သမားတွေက WCDMA only ကိုရွေးပေးလိုက်ပါ.. CDMA သမားတွေက EvDo only ကိုရွေးပေးလိုက်ပါ...ဒါပါပဲ.. ဆော့ဝဲနဲ့လုပ်သလို မြင်ကွင်းမျိုးလေ.. ဒါဆိုရင်တော့ မိတ်ဆွေရဲ့ နက်ဝပ်စနစ်ဟာ 3G မှာ ကောင်းကောင်းအလုပ်လုပ်ပြီး မြန်ဆန်တယ်ဆိုတာ လက်တွေ့သိပါလိမ့်မယ်.. 


 ဒါဆိုရင် အောက်ကပုံလို ဖြစ်သွားမယ်လေ..




တိပြုရန်၊ အထက်ကပြောခဲ့တဲ့ နည်းလမ်းတွေဟာ 3G Internet စနစ်မိတဲ့နေရာတွေမှာသာသုံးနိုင်မှာဖြစ်ပါတယ်.. 3G စနစ်မမိရင်တော့ လိုင်းပါပျောက်သွားပါလိမ့်မယ်.. စိတ်မပူပါနဲ့.. ခုနက အဆင့်တွေထဲက အဆင့် ၃ ထိ လုပ်လိုက်ပြီး အဆင့် (၄)မှာတော့  GSM ဆိုရင် 
GSM auto ဒါမှမဟုတ် GSM only ကိုရွေး၊ WCDMA သမားက WCDMA preferred ကိုရွေး၊ CDMA သမားက CDMA auto ဒါမှမဟုတ် CDMA only ကိုရွေး၊ GSM နဲ့ CDMA နှစ်ကဒ်စိုက်သမားက GSM/CDMA auto ကိုရွေးပေးလိုက်ပါ.. လိုင်းပြန်တက်လာပြီး မူရင်း Internet အမြန်နှုန်းအတိုင်းပဲ လိပ်ကလေးလို ပြန်ရပါလိမ့်မယ်.. လိုင်းတော့ မပြတ်တော့ပါဘူး... တစ်ချို့ဖုန်းတွေမှာ ကုဒ်တွေ အလုပ်မလုပ်တာတွေ့ရပါတယ်.. ဒါဆိုရင်တော့ App လေးသုံးလိုက်ပေါ့။

အဆင်ပြေပါစေနှော်..


Download From Soldifiles or SendSpace or Tusfiles or Meiafire 

post by patheinit.blogspot.com

Professional Photographer Magazine (UK) October 2013


Professional Photographer Magazine (UK) October 2013  ဗုဒ္ဓဟူးနေ့ ထုတ်ကလေးပါ။စာမျက်နှာပေါင်း၁၀၈ မျက်နှာပါပ်တယ်ဖိုင်ဆိုဒ်ကိတော့  53 mb ပါခင်ဗျာ။အင်္ဂလိပ်စာလေ့ လာနေကျသူများရော photographer 
သမားတွေအတွက်ပါအဆင့် မြင့် တင့် ပညာတွေလေ့လာလို့ ရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
အောက်မှဒေါင်းပါ
patheinit.blogspot.com

Banzai Surfer For Android




အပျင်းပြေ ပြေးချင်တဲ့သူတွေအတွက် Banzai Surfer apk လေးပါ လိုချင်တဲ့သူများ ယူသွားလိုက်ပါဗျာ






Screenshots of the Banzai Surfer for Android tablet, phone.
Screenshots of the Banzai Surfer for Android tablet, phone. 
Screenshots of the Banzai Surfer for Android tablet, phone. 
Screenshots of the Banzai Surfer for Android tablet, phone.


ဖုန်းမလိုပဲ.. Gtalk & Facebook အကောင့်သစ်ဖွင့်နည်း




                                                        မင်္ဂလာပါ 
   ဒီနည်းလေးကတော့..အရင်က.. Technological Villa မှာ.
တင်ပေးဘူးပါတယ်..။ ဒါပေမယ့်.. သိပ်မရခဲ့ပါဘူး.။ ခုတော့.. ဘာမှ.စိတ်မပူနဲ့တော့.. ဖုန်းနာပါတ်တောင်းလည်း.ကိစ္စမရှိတော့ပါဘူး.. Virtual phone number လေးသုံးပြီး.. Google နဲ့ Facebook ကို..လှည့်စားလိုက်ကြရအောင်.. ^_^

        ပထမဆုံး..Gmail account အသစ်ဖွင့်နည်းလေး..ပြောလိုက်ကြရအောင်..
ထုံစံအတိုင်း.. အကောင့်သစ်ဖွင့်ချင်ရင် www.gmail.com ကိုသွား.. ညာဘက်က.. Create New Account ကိုနှိပ်လိုက်ပါ..။
Form ဖြည့်ဖို့ကျလာရင်.. ကိုယ်ကြိုက်တဲ့နာမည်နဲ့... password တွေပေးပြီးဖြည့်လိုက်ပါ...။

 အဲ့မှာ..ဖုန်းနာပါတ်နေရာမှာ..ဘာမှမဖြည့်ပါနဲ့...။
ဒီတိုင်းထားပြီး.. I agree ဆိုတာ.အမှန်ခြစ်ခြစ်ပြီး.. Next ကိုဆက်နှိပ်လိုက်ပါ.။
ဖုန်းနာပါတ်တောင်းပါလိမ့်မယ်.။ Virtual phone number တစ်ခုယူဖို့အတွက်. ဒီကို အရင်သွားလိုက်ပါ..။
အောက်ကပုံစံအတိုင်း..ပေါ်လာပါလိမ့်မယ်...။


















Sign Up Here ကိုနှိပ်လိုက်ပါ..။
Email နေရာမှာ.မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Re-enter Email နေရာမှာလည်း..မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Security Code နေရာမှာ ကိုယ်ကြိုက်တဲ့. ဂဏန်း.. ၄ လုံးပေးလိုက်ပါ..။ ဥပမာ 1234
အောက်ကမေးခွန်းတွေမှာ..ရွေးထားတဲ့ဟာလေးတွေကို..ဒီတိုင်းပဲထားပါ..ဘာမှမပြောင်းပါနဲ့..။
CAPCHA လုပ်ခိုင်းတဲ့စာလုံးတွေကို..ရိုက်ပေးလိုက်ပါ..။
အားလုံးပြီးရင်.. submit နှိပ်လိုက်ပါ..။
သင့်ရဲ့..Virtual phone number နဲ့.. gmail လိပ်စာကို.ပြပါလိမ့်မယ်..။ သေသေချာချာမှတ်ထားပါ.။

Email: yourname@gmail.com
Phone Number: 206-984-8231

Security Code: 1233

အဲ့လိုပုံစံနဲ့ပြပါလိမ့်မယ်.။ သေသေချာချာမှတ်ထားပါ..။

Gmail ပြန်သွားကြရအောင်နော်... ဟီး..
Gmail မှာ..Next ကိုနှိပ်လိုက်တော့.. Voice Mail ? Text Message ပို့မှာလားဆိုပြီး. ဖုန်းနာပါတ်တောင်းပါလိမ့်မယ်..။
အဲ့နေရာမှာ.. Voice mail ကိုေ၇ွးပြီး.. ခုနက.ရလာတဲ့.. Virtual phone number ကိုထည့်ပေးလိုက်ပါ..။
ဖုန်းနာပါတ်က.. 206-984-8231 ဆိုရင်.. - တွေကို ဖြုတ်ပြီး.. 2069848231 လို့ထည့်ပေးလိုက်ပါ..။
1 မိနစ်အတွင်. www.k7.net ကို.. voice mail ၀င်လာပါလိမ့်မယ်..။
 voice mail ကို.. နားထောင်ဖို့..  ဒီ ကိုနှိပ်လိုက်ပါ..။
10 digit Phone Number OR Master Email Address:  နေရာမှာ.. ခုနက Gmail ထဲဝင်လာတဲ့ ဖုန်းနာပါတ်ကို ထည့်လိုက်ပါ..။ - တွေမပါပါစေနဲ့..။ ဥပမာ.. 2069848231 လို့ပဲပေးလိုက်ပါ..။
Security Code OR Master Security Code: ကိုယ်ပေးခဲ့တဲ့.. ဂဏန်းလေး လုံးကိုရိုက်လိုက်ပါ..။
 Check for messages ကိုနှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း.. voice mail ကိုတွေ့ပါလိ့မ်မယ်.။


















Save to Disk ကိုနှိပ်ပြီး.. download ဆွဲလိုက်ပါ.။ Download ဆွဲပြီးရင်..နားထောင်ကြည့်လိုက်ပါ.။ ဂဏန်း ၆ လုံးပါတဲ့..code number ပြောပါလိမ့်မယ်.။
အဲ့ဒီ code number ကို.. ခုနက Gmail က တောင်းတဲ့နေရာမှာဖြည့်ပေးလိုက်ပါ.။
ဒါဆိုရင်လည်း. Gmail အတွက်..အဆင်ပြေသွားပါပြီ...။

Facebook အကောင့်သစ်ဖွင့်နည်း
Facebook မှာ..ဖုန်းနာပါတ်မတောင်းစေချင်ရင်.. လွယ်ပါတယ်.။
First Name နဲ့ Last Name ကို.. English ပဲ..ထားပြီး..ဖွင့်လိုက်ပါ.။
ဥပမာ.. First Name>>> Jhon    ,    Last Name >>> Smit
အဲ့လိုမျိုး..English နာမည်ပေးလိုက်ရင်.. အိုကေသွားပါလိမ့်မယ်..။
နောက်မှ.ကိုယ်ကြိုက်တဲ့နာမည်...ပြန် ပြောင်းပေးလိုက်ပါ..။
စစဖွင့်ချင်းတော့.. English နာမည်ပဲ..ပေးလိုက်ပါ.။
Facebook မှာ.ဖုန်းနာပါတ်တောင်းရင်.. msg ပဲပို့ပါတယ်..။
K7.net က.. voice mail ပဲရပါတယ်..။
msg အ၀င်လက်မခံပါဘူး..။ 
www.mmithelper.com  မှတဆင့် patheinit.blogspot.com မှဖော်ပြသည်

ANDROID ဖုန်းတွေမှာ SMS, Mail, Photo,Contacts ! စတာတွကို လော့ ချမယ်




ANDROID ဖုန်းတွေမှာ SMS, Mail, Photo,Contacts ! စထှာတွေကိုလော့ ချမယ်။ဒီAPK လေးက လှလည်းလှပြီးအသုံးလည်းဝင်ပါတယ်။GOOGLE PLAY STORE မှာဆိုရင် ဘတ်ငွေ 57 BHAT တောင်ပေးရပါတယ် ။အလကားမရပါဘူးခင်ဗျာ။ဒီမှာတော့ အလကားယူသွားပါကျွန်တော်ပေးပါတယ်။
ANDROID  VERSION 2.1 နှင့် အထက်မှာအသုံးပြုလို့ ရပါတယ်ခင်ဗျာ ။
ဒါကတော့  SCREENSHOOT ပါ။
patheinit.blogspot.com 

iPhone/iPad တို့အတွက် တူနှင့်ထုလျှင်တောင် မကွဲသည့် Screen Protector ကို Neo Tech တွင်ဝယ်ယူနိုင်




Phone/iPad တို့အတွက် တူနှင့်ထုလျှင်တောင် မကွဲသည့်
Screen Protector ကို Neo Tech တွင်ဝယ်ယူနိုင်






















အလွန်အသုံးဝင်တဲ့ မြန်မာစားသောက်ဆိုင် App (mmfoodies) For Android


အခုတင်ပေးလိုက်တဲ့ App လေးကတော့ အားလုံးကြိုက်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။ မိတ်ဆွေသူ ငယ်ချင်းတို့ ခရီးသွားရင်ပဲဖြစ်ဖြစ်၊ တစ်နေရာရာရောက်ရှိ နေရင်ပဲဖြစ်ဖြစ် အဲဒီ့မြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တွေကို ဒီ App လေးက ပြပေးပါလိမ့်မယ်။ Internet တော့လိုတယ်နော်။ အင်တာနက်ဖွင့်ပြီး
ဆော့ဝဲလ်ကိုဖွင့်ပြီး ဆော့ဝဲလ်ထဲက map icon ကိုနှိပ်လိုက်တာနဲ့ မိတ်ဆွေတို့ ရောက်ရှိနေတဲ့ မြို့နယ်က
စားသောက်ဆိုင်တွေကို mmfoodies ရဲ့ map က ပြသပေးပါလိမ့်မယ်။ အင်တာနက်ဖွင့်ထားရင် စားသောက်ဆိုင် အသစ်တွေထပ်ထည့်တဲ့အခါ မိတ်ဆွေတို့ရဲ့ဖုန်းထဲကို စားသောက်ဆိုင် အသစ်များ အလို
အလျောက် ရောက်ရှိပါလိမ့်မယ်။

Download=>> Link 1, Link 2

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>

အန်းဒရွိုက်အတွက် Line Appအသစ်

ကမ္ဘာအရပ်ရပ်က အသုံးပြုသူ သန်း၁၅၀လောက် ရှိတဲ့ အန်းဒရွိုက်OSသုံး Line Appကို မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် တင်ဆက်ပေး လိုက်ပါတယ်။ အသံခေါ်ဆိုမှုတွေ၊ စာပို့မှုတွေကို အခမဲ့ အကန့်အသတ်မရှိ သုံးစွဲနိုင်တဲ့ ဆက်သွယ်ရေး Appတစ်ခု ဖြစ်ပြီးတော့ နိုင်ငံပေါင်း ၂၃၀ကနေ လက်ခံသုံးစွဲလျက် ရှိပါတယ်။ ဒါ့အပြင် အဆိုပါ Line Appဟာ နိုင်ငံပေါင်း ၄၄နိုင်ငံရဲ့ အခမဲ့ Appစာရင်းထဲမှာ ထိပ်ဆုံးက


ရပ်တည်နေပြီးတော့ သင်တို့လည်း သုံးစွဲချင်တယ် ဆိုရင် ဖိုင်အရွယ်အစား 17MBနဲ့ Myanmar ICT၀က်ဘ်ဆိုဒ် ကနေတစ်ဆင့် အခမဲ့ဒေါင်းလုဒ် ရယူနိုင်ပါတယ်။


ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် Line Appကို သုံးပြီး စမတ်ဖုန်းနဲ့ ဖုန်းခေါ်ဆိုတာ၊ စာပို့တာတွေကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်တစ်ခု အနေနဲ့လည်း သုံးနိုင်ပြီး သင့်ရဲ့ အဖြစ်အပျက်တွေ၊ ဓာတ်ပုံတွေနဲ့ Locationစတာ တွေကိုဝေမျှပြီး Commentပါ ချန်ထားပေး နိုင်တယ်လို့ သိရပါတယ်။ အခုထွက်ရှိလာတဲ့ ဗားရှင်းအသစ်မှာ ဆိုရင်လည်း ချို့ယွင်းချက်တွေ၊ အဆင်မပြေမှုတွေကို ပြင်ဆင်ထားပြီး ရုရှားဘာသာစကားနဲ့ပါ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။

နည်းပညာဝါသနာပါသူများ လေ့လာထားသင့်တဲ့ Cracker Guide ( ပ+ဒု)




Crack ဆိုတာ  အင်တာနက်ပေါ်ကနေ ဒေါင်းလုပ်ယူပြီး  ဆော့ဝဲတွေ သုံးတဲ့သူတိုင်း

နားလည်ထားသင့်ပါတယ် ။ နားလည်မှသာ ဆော့ဝဲတွေကို အပြည့်သုံးလို့ ရပါမယ်

ဆော့ဝဲတစ်ခုကို ဒေါင်းလုပ်ဆွဲတိုင်း အထဲမှာ Crack ဖိုင် ၊ Path ဖိုင် ၊ Key Gen တွေ








နဲ့  Serial Key ၊ Register number၊Product Key ပါမပါ စစ် ။ ဆော့ဝဲတင်တဲ့သူက

Free Version သို့ မဟုတ် Shareware လို့ မရေးထားရင် အပေါ်က ပြောတဲ့ဟာတွေ

အသုံးပြုမှ အပြည့်အ၀ သုံးလို့ ရတဲ့ဆော့ဝဲကောင်းဖြစ်မှာပါ ။ ဟိုနေ့ ကတင်တဲ့

Wonders Slideshow Maker ဆော့ဝဲမှာ Crack ဖိုင်ပါတယ် ။ အဲ့တာကိုမသုံးရင်

evolution copy ဆိုတဲ့စာတန်းကြီးက အလှဖျက်နေပါလိမ့်မယ် ။ အဲ့တာကိုမပေါ်ဖို့ 

ဆော့ဝဲကို Crack လုပ်ပီး  မူလပညာရှင်ပရိုဂမ်သမားရဲ့  ကုဒ်တွေကို ၀င်ပြင်မယ်

ဝင်ဖျက်မယ်ဆိုရင် အဲ့စာတမ်းက ပျောက်သွာပီ ။ Register လုပ်စရာမလိုတော့

Product Key , Serial Key မထည့်ရပဲ အပြည့်သုံးလို့ ရသွားပါပြီ။ အဲ့တာမျိုးကို

Crack လုပ်တယ်လို့ ခေါ်ပါတယ် ။ ဒါပေမယ့် ဒီပညာတွေဟာ ရာဇ၀တ်မှုမကင်း

တရားစွဲခံရတဲ့ပညာပါ ။ ဘာလို့ လည်းဆိုတော့ သူများက ပိုက်ဆံနဲ့ ရောင်းစားဖို့ 

ထုတ်တဲ့ဆော့ဝဲတစ်ခုကို ဖောက်ဖျက်ပြီးပြုပြင်လို့ ပါ ။ Open Source လို Free ယူ

ကြိုက်တဲ့ ပညာရှင်ယူပြင် ယူသုံး  မပေးထားတဲ့ လိုင်စင်ဆော့ဝဲတွေကို ဖျက်ရင်

ပိုင်ရှင်ကနေ တရား စွဲပါလိမ့်မယ် ။ ဒါပေမယ့်  ဘယ်သူလုပ်တယ်ဆိုတာ  သူတို့ 

မသိနိုင်ဘူး ရှာရခက်တယ် Cracker ဆိုတာလည်း ပေါ်ပေါ်ထင်ထင် နေလို့ မရပါ

Hacker တွေလိုပဲ နာမည်ဝှက်တွေနဲ့ နေမှ အဖမ်းမခံရမယ် ။ ဒါပေမယ့် လိုင်းပေါ်

အမြဲလှုပ်ရှားနေရတဲ့ Hacker လောက် Program တွေ Code ဖျက်တဲ့ Cracker က

အန္တရယ်မများဘူး ထင်ရပါတယ် ။  အနည်းဆုံးတော့ Cracker ဆိုတာဘာလဲ

ဆော့ဝဲတွေမှာ Crack ဖိုင်ပါရင် ဘာလုပ်သင့်လဲဆိုတာသိလာပါလိမ့်မယ်

ပထမပိုင်း
=====
Download from Mediafire - Cracker လမ်းညွှန် နည်းပညာများ

Download from Minus - Cracker လမ်းညွှန် နည်းပညာများ


ဒုတ်ယပိုင်း
======
 Download from Mediafire - Cracker လမ်းညွှန် နည်းပညာများ ဒုတိယပိုင်း


အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>

Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်း




မိတ်ဆွေဟာ ဘလော့ရေးနေသူ တစ်ယောက် ဆိုကြပါစို့ တစ်နေ့ ကိုယ့်ဘလော့လေး ကိုဝင်လိုက်တဲ့ အချိန်မှာ အဲလို အနီရောင် ဆိုင်းဘုတ်ကြီးနဲ့ Reported Attack Page ဆိုပြီး သတိပေးစာကြီး ပေါ်လာရင် ဘယ်လိုများ ခံစားရမလဲ...

 


ဟုတ်ကဲ့ ခံစားရသူတွေ ခံစားပြီးကုန်ပါပြီဗျာ သေပြီပေါ့ ဧည့်သည်တွေ လာရင် ကိုယ့်ဘလော့ကပဲ ဧည့်သည်တွေကို ဗိုင်းရပ်စ် တွေ လွှတ်နေသလိုလို ဝင်ဖတ်ရင်ပဲ ကွန်ပြူတာကြီး ပျက်သွားတော့ မလိုလို ဆိုတော့ အကုန် ပြန်ပြေးကြပြီပေါ့...

ဟို တစ်နေ့က မိတ်ဆွေ တစ်ယောက်ရဲ့ ဘလော့ အဲလို ဖြစ်သွားပါတယ် ကျွန်တော့်ကို အကူအညီ တောင်းတာနဲ့ ဟိုလိုက်ဖတ် ဒီလိုက်ဖတ် နဲ့ လုပ်သင့်တာ လုပ်ပေးလိုက်တာ ဟော ဒီည လုပ်လိုက်တယ် မနက်ကျတော့ အဲဒီ ဆိုင်းဘုတ်ကြီး ပျောက်သွားပါလေရောဗျာ....

ဖြစ်တာက ဒီလိုပါ ဂူဂယ်က ဝဘ်ဆိုဒ်တွေကို သူတို့ လိုက်ပြီး စစ်ပါတယ် အဲဒီမှာ တစ်ချို့ ဆိုဒ်တွေက လင့်သေ နေတာတွေကို သူတို့ ဆိုဒ်မှာ ချိတ်ထားခြင်း embed နဲ့ သုံးရတဲ့ ဗွီဒီယို လင့်တွေ PDF ဖိုင်တွေ သီချင်း ဖိုင်တွေ များပြားစွာ သုံးထားပြီး လင့်များ သေနေခြင်း နောက် Js ဖိုင်များ Script များ လင့်တွေ သေနေခြင်း အစရှိသဖြင့်ပေါ့ဗျာ တွေ့ရင် သူတို့က ကိုးပတ် တိတိ ကြည့်ပါတယ် နောက်ပြီးရင်တော့ ခုနက ပြောသလို Black list ထဲ့ ထည့်လိုက်ပြီး အဲဒီ အနီရောင် သတိပေးစာကြီးက ပေါ်လာပါတော့တယ်..

ကဲ ဒီတော့ အဲဒါကို ဘယ်လို ပြန်ဖြေရှင်းမလဲ ဂူဂယ်က White listed ထဲ ပြန်ထည့်ပေးအောင် ဘယ်လို လုပ်ရမလဲ ???? ဘလော့ဂါ ညီကို မောင်နှမတွေ အတွက် ဝေမျှ ပေးပါရစေ..။ 

ကိုယ်မဖြစ်ဘူး လို့တော့ မတွက်ပါနဲ့ ခြိမ်းခြောက်တာ မဟုတ်ပါဘူး ကျွန်တော် သူများ ဘလော့လင့်တွေ ထည့်ပြီး လိုက်စမ်းပြီးပါပြီ နာမည်ကြီး ဘလော့ တစ်ချို့ အပါ အဝင် အတော်များများ black list ထဲ မဝင်သေးပေမယ့် Malware လို့ ခေါ်တဲ့ လင့်အသေတွေ ချိတ်ထားတာ အများကြီး တွေ့နေပါတယ်..

ကဲ ဖြစ်လာခဲ့ရင် လတ်တလော ဖြစ်နေခဲ့ရင် အောက်က အဆင့်လေးများ အတိုင်း လိုက်လုပ်လိုက်ပါ..။

၁/ဟောဒီလင့်ကို http://sitecheck.sucuri.net/scanner/ သွားပြီး ကိုယ့်ဘလော့ လိပ်စာ (http://www များ ထည့်ရန်မလိုပါ) ထည့်ပြီး Verify လုပ်လိုက်ပါ။ ခဏလေး စက္ကန့်ပိုင်းလောက် စောင့်ပြီးရင် အောက်ကလို ပေါ်လာပါလိမ့်မယ်.. မိမိဆိုဒ်၏ ကျန်းမာရေး ဂရုစိုက်သူများလဲ လစဉ် သွားရောက် စမ်းသပ် ပေးရင် ပိုကောင်းပါတယ်..
  
၂/အဲလို ပေါ်လာပြီဆိုရင် ကိုယ့်ဆိုဒ်မှာ လင့်ချိတ်ထားတဲ့ အထဲက အဲဒီ အနီပြနေတဲ့ လင့်တွေကို ပြန်ဖျက် ထုတ်ပေးပါ.. အကောင်းဆုံးနည်းကတော့ ဆိုဒ်ဘားမှာ ရှိတဲ့ လင့်တွေ widged တွေကို အကုန် ဖြုတ်ပစ်လိုက်တာ အကောင်းဆုံးပါ ပြီးရင် တစ်ခေါက် ထပ်စမ်းကြည့်ပါ အောက်က ပုံလို ပေါ်လာတဲ့ အထိပေါ့ ဘယ်လို လုပ်လုပ် အဆင်မပြေရင်တော့ တန်းပလိတ် အသစ်ပြောင်းထည့်လိုက်ပါ....။


သူ့မှာ အကုန် ရှင်းလင်းပြီးသွားပြီ ဘာမှ Malware တွေ မရှိတော့ပါဘူး ဒါပေမယ့် ဆိုဒ်ကတော့ Blacklisted ဝင်နေတုန်းပါပဲ.

ကိုယ့်ဆိုဒ်ဟာ အလည်လာသူတွေ ကိုဘာမှ မထိခိုက် စေတော့ဘူး ဆိုတာကို ဂူဂယ်ကို သတင်းပို့ပြီး စစ်ခိုင်းရပါမယ် ဒါမှ သူတို့ စစ်ပြီး ကိုယ့်ဆိုဒ်ကို Whitelisted ထဲ ပြန်ထည့်ပေးမှ အဲဒီ အနီရောင် သတိပေးစာတန်းကြီး ပျောက်မှာပါ..အဲဒါ လုပ်ဖို့ကတော့

၃/ ဟောဒီလင့်ကို https://www.google.com/webmasters/tools/home သွားလိုက်ပါအုံးဗျာ.. ပြီးရင် ကိုယ့်ဘလော့ကို အကောင့်ဖွင့်ထားတဲ့ Gmail လိပ်စာနဲ့ ပက်စ်ဝပ် ပေးပြီး ဝင်လိုက်ရင် အောက်က ပုံမှာ ပြထားတဲ့ နေရာကို ရောက်ပါမယ်..


အခု မြင်ရတဲ့ ပုံမှာ ကျွန်တော့် လိပ်စာနှစ်ခုကို မြင်ရမှာပါ မိတ်ဆွေ အနေနဲ့ ပထမဦးဆုံး ဝင်တာ ဆိုရင်တော့ အောက်က လင့်နှစ်ခုလိုမျိုး မြင်ရအုံးမှာ မဟုတ်ပဲ အပေါ်မှာ မြင်ရသလို ကိုယ့်မှာ ရှိတဲ့ ဘလော့တွေကို ပြနေတာပဲ မြင်ရမှာပါ ကိုယ်လုပ်ချင်တဲ့ ဘလော့ကို Tip လုပ်ပေးပြီး Add selected sites ဆိုတာလေး နှိပ်လိုက်ရင် Sites ဆိုတဲ့ နေရာမှာ ကိုယ် ခုနက Add လိုက်တဲ့ ဆိုဒ်ဒိုမိန်း နာမည် ပေါ်လာမှာပါ..

၎/အဲ နောက်တစ်ချက်ကတော့ ကိုယ်ပေးလိုက်တဲ့ ဘလော့လိပ်စာဟာ ကိုယ့်ရဲ့ ဘလော့ဂ် ဟုတ်မဟုတ် ပိုင်ရှင် ဟုတ်မဟုတ်ပေါ့လေ စစ်ပါသေးတယ် အောက်က ပုံလေး အတိုင်းပါပဲ ပထမဆုံး Add a meta tag to your site's home page ဆိုတာကို Tip ပေးလိုက်ရင် Instructions: ဆိုတာလေး အောက်မှာ ထပ်ပွင့်လာပါမယ် အဲဒီက ကုဒ်ကို ယူပြီး ကိုယ့် ဘလော့ရဲ့ HTML ကုဒ်တွေကြားထဲ ထည့်ရမှာပါ ..



ဘယ်လို ထည့်မလဲ ဆိုတာက ကိုယ့် ဘလော့ထဲ Login ဝင်လိုက်ပါ ပြီးရင်တော့ Design ထဲကနေ Edit Html ကို ဆက်ဖွင့်ပါ ပြီးရင် <head> ရဲ့ အောက်နား သို့မဟုတ် <body>ရဲ့ အပေါ်မှာ ခုနက ရထားတဲ့ ကုဒ်ကို ထည့်ပေးလိုက်ပါ ပြီးရင် Verify ခလုတ်လေး နှိပ်ပေးလိုက်ပါ..

၅/ ပြီးရင်တော့ ကိုယ်ပြဿနာ ဖြစ်နေတဲ့ ခုနက အောက်ကို Add လိုက်တဲ့ ဒိုမိန်းကို နှိပ်လိုက်ပါ ဒါဆို နောက်ထပ် စာမျက်နှာ တစ်ခု ပေါ်လာပါမယ် အဲဒီ စာမျက်နှာရဲ့ ဘယ်ဘက်ဆိုဒ်ဘားမှာ Diagnostics ဆိုတာလေးကို နှိပ်လိုက်ပါ နောက်ထပ် လေဘယ်တွေ အများကြီး ထွက်လာပါမယ် အဲဒီထဲက  Malware ကို ဆက်နှိပ်ပြီး Request a review. လုပ်ပေးလိုက်ပါ

တစ်ခုရှိတာကတော့ ကိုယ့်ဆိုဒ်ကို စကင် ဖတ်ပြီး အကုန်ရှင်းလင်းပြီ Blacklisted ဝင်နေတာပဲ ကျန်တော့တယ် ဆိုမှ အဆင့် ၃ ၊ ၄ နဲ့ ၅ ကိုလုပ်ပါ ပြီးသွားရင်တော့ ပစ်သာ ထားလိုက်ဗျာ (ကျွန်တော့် မိတ်ဆွေကို လုပ်ပေးတုန်းကတော့ သိပ်မကြာလိုက်ဘူးဗျ လေးငါးခြောက် နာရီ လောက်ပဲ ကြာ လိုက်တယ် ထင်တာပဲ )သတိရလောက်မှ ကိုယ့်ဘလော့လေး ပြန်ဖွင့်ကြည့်လိုက်ရင် အနီရောင် သတိပေးစာကြီး မရှိတော့တဲ့ လာလည်တဲ့ ဧည့်သည်တွေ ရဲ့ ဘရောက်စ်ဇာတွေ ကွန်ပြူတာတွေကို ဟမ်းစေတဲ့ အန္တရာယ်ကို မဖြစ်စေတော့တဲ့ ကိုယ့်ဘလော့လေးကို စိတ်ချမ်းသာစွာ မြင်တွေ့ရမှာပါ..
အားလုံး အဆင်ပြေကြပါစေ.




  ဘလော့ခရီးသည် site မှ ကူးယူဖော်ပြပြီး  ပြန်လည် မျှဝေနေပါ့သည်.။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
Fb Like ခြင်းဖြင့် အားပေးကြပါနော်

ဘလော့ကာတွေအတွက် လိုအပ်သော နေရာလေးတစ်ခု

 အားလုံး မင်္ဂလာပါ  ခုတင်တာလေးကတော့ ဘလော့ကာတွေအတွက် အထူး လက်ဆောင်ဆိုပိုပြီး
မှန်မှာ ပါ... ဒါကလည်း မသိသေးသော ဘလော့ကာ ညီငယ် ညီမငယ်များအတွက် သည်သာ ဆိုလိုခြင်းပါ
သိပြီး တတ်ပြီးသော ဘောလ့ကာညီကိုများကတော့ ကျော် ခွ သွားလိုက်ပါနော်....
နည်းလမ်းလေးကတော့............ ဘလော့ကာ အတွက်

ဧည့်ကောင်တာ.....နာရီ....ရာသီဥထု... IP Checker စတာတွေကို  ဖရီးဝန်ဆောင်ပေးတဲ့ နေရာလေးကို လမ်းပြမှာ ဖြစ်ပါတယ်....
အသုံးပြုနည်း  ယူဆောင်နည်းကိုတော့  ထူးထူးထွေထွေ မဟုတ်တာကြောင့် မရေးတော့ပါဘူးနော်...
လိုအပ်သူများ စမ်းသတ်လိုသူများအတွက်    သည်မှာ       သွားလိုက်ပါနော်....



အဲနေရာမှာ မိမိတို့ ကြိုက်တာကို  အခမဲ့ ပြုလုပ်နိုင်ပါတယ်... ကုဒ်တွေ ယူပြီးတာနဲ့  ဘလော့ကာ layout ကနေ  add a gadget ကိုကလစ်ပါ   html/java script  ကိုကလစ် ကျလာတဲ့ ဘောက်မှာ ယူလာတဲ့ကုဒ် ထည့်ပါ..အိုကေပြီပေါ့  ပျော်ရွှင် ကြပါစေ...

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>

ဒီဇိုင်း ၀ါသနာရှင်တွေအတွက် ပြက္ခဒိန်ဆော့ဝဲတစ်ခု



  ဒီဆော့ဝဲလေးကတော့ ပြက္ခဒိန်နဲ့ ကဒ်ဒီဇိုင်းလှလှလေးတွေ လုပ်ချင်သူအတွက်  အဆင်ပြေ
   ပါတယ် မကောင်းတာက JPEG တိုက်ရိုက် Save မရတာတစ်ခုပါပဲ သုံးကြည့်ချင်တဲ့သူတွေ
         စမ်းလို့ ရအောင်   တင်ပေးလိုက်ပါတယ် လုပ်ပုံလုပ်နည်းကတော့  လွယ်ကူနေလို့    မရေ   တော့ပါဘူး  PDF ဖိုင်အဖြစ် တိုက်ရိုက်ဆေ့ လို့ ရပါတယ် DTP ဒီဇိုင်းသမားအတွေအတွက်
              အသုံးဝင်မှာပါ ပြက္ခဒိန် နဲ့  ကိုယ့်ပုံနဲ့ တွဲချင်တဲ့သူတွေ ဆွဲထားမယ်နော်.........။


ဒီမှာDownload ယူပါ  EZ Calendar and Design Softwere ညီလေး  မောင်  ဆီမှ မျှဝေသည်။

မိမိတို့ ရဲ့  desktop ; latop ကနေ tv channels 3000 ကကျော်ကိုကြည့် မယ်


 မိမိတို့ ရဲ့  desktop ; latop ကနေ  tv channels 3000 ကကျော်ကိုကြည့် လို့ ရပါပြီ။များပြလှတဲ့ နိုင်ငံပေါင်း 146 နိုင်ငံက  tv ရုပ်သံလိုင်းတွေကို အဆက်မပြတ်ကြည့် ရှူ့ နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။
သူ့ ကိုအသုံးပြုမယ်ဆိုရင်တော့  Windows XP / Vista / 7 / 8 တွေမှာ  
အသုံးပြုလို့ ရပါတယ်ခင်ဗျာ။အသုံးပြုရတာလည်းလွယ်ကူတာမို့ လိုချင်ရင်တော့ အောက်မှာဒေါင်းလုပ်ယူလိုက်ကြပါခင်ဗျာ။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်...