ADB offline ဆိုပြီး adb မသိတဲ့ ပြသနာ 4.2.2 တွေ မှာ ဖြစ်တတ်ကြတယ်။။
ကွန်ပျူတာကနေ data တွေ အကူးအပို့ လုပ်လို့ရပေမယ့် adb နဲ့ ပါတ်သက်တဲ့ အလုပ်တွေတော့ လုပ်လို့မရဘူးဖြစ်နေပါတယ်။ ။။
ဥပမာ… adb command ပေးတာတို့ PC Suite တစ်ခုခုနဲ့ချိတ်တာတို့လုပ်မ၇ပါဘူး။။။
ဒီပြသနာကို အဖြေရှာဖို့ တော်တော်ရှာဖွေကြည့်တော့ Google search မှာလည်း SDK version ကို မြင့်ဖို့ပဲ ပြောကြတယ်။ SDK ကို မြင့်လိုက်ရင်တော့ သေချာပေါက်ရမှာ
ကျွန်တော်သိပေမယ့်လို့ ဒေါင်းရမယ့် ဖိုင်ဆိုဒ်ကို ကြောက်တာနဲ့ မလုပ်ခဲ့ဘူး…..
ဒီနည်းကတော့ အလွယ်လေးပါပဲ။ ဖိုင်ဆိုဒ်က 3MB သာသာပဲ ရှိတာမို့ဘယ်မြို့နယ်မှာမဆို ဒေါင်းဖို့အပန်းမကြီးပါဘူး။။။။
ကဲဘာမှ မလုပ်ခင် ဒေါင်းထားလိုက်ပါဘူး…..
Download By… QR CODE…
or
Direct Link ကဲ ဒေါင်းလို့ပြီးပြီ ဆိုရင်တော့ zip လေးကို ဖြေလိုက်ပါ။။။။ အထဲက adb-fastboot-4win ဆိုတဲ့ ဖိုင်လေးကိုပဲ copy ကူးလိုက်ပါ….
Paste လုပ်ရမယ့် နေရာကတော့ Computer \ C: အောက်မှာပါ။။။
ထို့နောက် ယင်းဖိုင်ကိုပဲ Android လို့ အမည်ပြောင်းပေးလိုက်ပါ…..
ကဲ တစ်ဆင့်တော့ ပြီးပြီဆိုတော့ နောက်တဆင့် ထပ်သွားရဦးမှာပါ….
Desktop ပေါ်က Computer icon ကို Right Click ပေးပြီး Properties ကို နှိပ်ပါ။… win + Pause Break shortcut key ကို နှိပ်ပြီး သွားလည်း ရပါတယ်။။။
System ထဲကိုရောက်သွားပါပြီ…
ဘယ်ဘက်က Advanced system settings ကို နှိပ်ပါ…
Advanced ထဲမှာပဲ Environment Variables ကို နှိပ်ပါ… အောက်ဆုံးမှာပါ….
ထိုနောက် System Variables ဆိုတဲ့ ဘောက်ထဲတွင် path ကို ရွေးနှိပ်ပါ… ထို့နောက် Edit ကို နှိပ်ပါ…
ထို့နောက် Variable value နေရာတွင် … C:\Android လို့ ရေးပါ…
ok နှိပ်ပြီး နောက်ဆုံးအထိ ထွက်ပါ…
ကဲ ကွန်ပျူတာကို reset ချလိုက်ပါတော့ …
windows ပြန်တက်လာရင် Cmd box ကနေ adb version ဆိုတဲ့ command လေးကို ရိုက်ကြည့်လိုက်ပါ…
သင့် adb version ဟာ 1.0.31 ဖြစ်နေရင်တော့ အောင်မြင်ပါတယ်…..
adb version မြင့်သွားတော့ လိုသလို သုံးလို့ ရပြီပေါ့.. adb command တွေ စိတ်ကြိုက်ရိုက်ပါ….
ဒါပေမယ့် PC suite တွေ Root tools တွေရဲ့ adb version ကိုပါမြင့်မှ pc suite တွေက ဖုန်းကို သိမှာပါ….
ဒီအတွက်တော့ လွယ်ပါတယ်။။
စောစောက C: အောက်က Android folder ထဲက file တွေ အားလုံးကို select လုပ် copy ကူးပြီး pc suite တွေ ရှိတဲ့ folder ထဲကို paste လုပ်လိုက်ပါ.. replace ပေါ့…
pc suite တွေ ဘယ်မှာရှိလည်း မသိရင်တော့ desktop ပေါ်က သက်ဆိုင်ရာ pc Suite ကို right click ပေးပြီး Open file Location ကို ရွေးလိုက်ပါ. Direct ရောက်သွားပါမယ်……
ADB နဲ့ပါတ်သက်တဲ့ command တွေကို အစုံအလင်လေ့လာချင်သူတွေ အောက်ကလင့်ကိုသွားပါ…
http://developer.android.com/tools/help/adb.html ကဲ ဒါဆို Samsung Galaxy S IV လို LG Nexus လို ဖုန်းတွေ နဲ့ အခြား Android version အမြင့်ဖုန်းတွေအတွက် ADB ပြသနာ ကင်းသွားပါပြီ…
အဆင်ပြေကြပါစေ………